Wednesday, January 18, 2012

ဘ၀သံသရာ

ဘ၀သံသရာ
သံစဉ် - ဦးဘသိန်း
စာသား - ဦးသုခ

ဘဝသံသရာ ရှည်လျားထွေပြား မနေမနား တသွားတည်းသွားကြတာ
ဘဝသံသရာတဲ့ ရှည်လျားထွေပြား မနေမနား တသွားတည်းသွားကြတာ
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာလာ

လောဘရယ် ဒေါသရယ် မောဟရယ် အဝိဇ္ဇာ ပစ္စယာ သင်္ခါရတဲ့
ပျော်လိုက်ရွှင်လိုက် ငိုကာရယ်ကာ ဘယ်ဟာမတည်မြဲ
ဖောက်လွဲဖောက်ပြန် အကြောင်းကံ ကမ္မသကာ

တွေ့ကြုံ ဆုံကွဲ ခရီးထဲ ဝမ်းနည်းဝမ်းသာ ဝိပ္ပံလာ 
ဖြစ်ချင်တာလည်း မဖြစ်ရပါ မဖြစ်ချင်တာလည်း ဖြစ်ရတာ
ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ မဖြစ်ချင်တာတွေလည်း ဖြစ်ရတာ
သုံးဆယ့်တစ်ဘုံ ဝဋ်အတွင်းရောက်တော့
ကရွတ်ကင်းလျှောက်တဲ့ တေးဘုံမ္မာ 
အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ

No comments:

Post a Comment